- အဖွင့်စာမျက်နှာ
- ပြည်ပအလုပ်အကိုင်ပြပွဲ၊ ပြည်တွင်းအလုပ်ချိတ်ဆက်ပွဲ
ပြည်ပအလုပ်အကိုင်ပြပွဲ၊ ပြည်တွင်းအလုပ်ချိတ်ဆက်ပွဲ
ဤနေရာတွင်မူ၊ လူဝင်မှုနှင့်နေထိုင်ခွင့်ကြီးကြပ်ရေးရုံးမှ ကြီးမှူးကျင်းပမည့် ပြပွဲအချက်အလက်များအား တင်ပေးပါမည်။
၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ်မတ်လထဲတွင်လည်း ပြည်တွင်းအလုပ်ချိတ်ဆက်ပွဲနှင့် ပြည်ပအလုပ်အကိုင်ပြပွဲကို ကျင်းပပါမည်။
ပြည်ပအလုပ်အကိုင်ပြပွဲ
နိုင်ငံရပ်ခြားတွင်နေထိုင်သော နိုင်ငံခြားသားများအတွက် အွန်လိုင်းမှ အထူးကျွမ်းကျင်လုပ်သားစနစ် ရှင်းလင်းချက်နှင့် လုပ်ငန်းအကြောင်း ရှင်းလင်းချက်များကို လုပ်ဆောင်ပါမည်။
ထိုနေ့တွင် ကုမ္ပဏီမှလူကို ဂျပန်ဘာသာဖြင့် မေးခွန်းများ မေးမြန်းနိုင်ပါသည်။
အောက်တွင်ရေးသားဖော်ပြထားသောအကြောင်းအရာများမှာ ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် မတ်လအတွင်းရှိ ပြည်ပအလုပ်အကိုင်ပြပွဲနှင့်ပတ်သက်သော အချက်အလက်များဖြစ်ပါသည်။
လက်ကမ်းကြော်ငြာစာရွက်အတွက် ဤနေရာမှဝင်ရောက်ပါ
<ကျင်းပရန်စီစဥ်ထားသောနိုင်ငံ (စုစုပေါင်း ၁၁ နိုင်ငံ)>
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘာဒီးယား၊ ဥဇဘက်ကစ္စတန်၊ သီရိလင်္ကာ၊ မွန်ဂို၊ နီပေါ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်
<ပထမအကြိမ်>
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် (ဗုဒ္ဓဟူး)
<ဒုတိယအကြိမ်>
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် (စနေ)
<တတိယအကြိမ်>
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် (သောကြာ)၊ ၁၈ ရက် (စနေ)
ပြည်တွင်းအလုပ်ချိတ်ဆက်ပွဲ
ဂျပန်တွင် နေထိုင်ပြီး အထူးကျွမ်းကျင်လုပ်သားဖြင့် အလုပ်လုပ်လိုသူများအတွက် ဂျပန်ကုမ္ပဏီများ၏ ရှင်းလင်းပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပပေးပါမည်။
ကုမ္ပဏီ၏ ရှင်းလင်းပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်လိုပါက ကျေးဇူးပြု၍ လျှောက်လွှာတင်ပေးပါ။
အောက်တွင် ဖော်ပြထားသောအကြောင်းအရာများမှာ ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ်မတ်လအတွင်းရှိ ပြည်တွင်းအလုပ်ချိတ်ဆက်ပွဲနှင့်ပတ်သက်သော အချက်အလက်များဖြစ်ပါသည်။
ဖက်စပ်ကုမ္ပဏီများရှင်းလင်းဟောပြောပွဲ (ဒေသတွင်းကျင်းပခြင်း)
လက်ကမ်းကြော်ငြာစာရွက်အတွက် ဤနေရာမှဝင်ရောက်ပါ
<အိုဆာကာမြို့တွင် ကျင်းပခြင်း> ပြပွဲကျင်းပပြီးပါပြီ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက် (စနေ) နေရာ : Namba Midosuji Hall
<Nagoya တွင်ကျင်းပခြင်း> ပြပွဲကျင်းပပြီးပါပြီ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် (စနေ) နေရာ : Nagoya Convention Hall
<တိုကျိုမြို့တွင် ကျင်းပခြင်း>
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက် (သောကြာ)၊ ၇ ရက် (စနေ) နေရာ : Bellesalle Iidabashi Ekimae ခန်းမ
ဖက်စပ်ကုမ္ပဏီများရှင်းလင်းဟောပြောပွဲ (Online ဖြင့်ကျင်းပခြင်း)
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် (ဗုဒ္ဓဟူး)၊ ၂၃ ရက် (ကြာသပတေး)
အွန်လိုင်းမှ အလုပ်ချိတ်ဆက်ခြင်း၊ အင်တာဗျူးခြင်း
လက်ကမ်းကြော်ငြာစာရွက်အတွက် ဤနေရာမှဝင်ရောက်ပါ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက် (တနင်္ဂနွေ) ~ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် (သောကြာ)