နေထိုင်ခွင့်ဗီဇာ "အထူးကျွမ်းကျင်လုပ်သား" ဆိုသည်မှာ

နည်းပညာလေ့လာရေးမှာ နည်းပညာသင်ယူရန်အတွက် နေထိုင်ခွင့်ဗီဇာဖြစ်ပြီး အထူးကျွမ်းကျင်လုပ်သားမှာ အလုပ်လုပ်ရန်အတွက် နေထိုင်ခွင့်ဗီဇာဖြစ်သည်။

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) နေထိုင်ခွင့်ဗီဇာ

  • စုစုပေါင်း ၅နှစ်တာ ဂျပန်နိုင်ငံတွင် အလုပ်လုပ်နိုင်ပါသည်။
  • မိသားစုကို ခေါ်ဆောင်လာ၍ မရနိုင်ပါ။
  • ဂျပန်လူမျိုးနှင့်တန်းတူ လစာပမာဏရရှိနိုင်ပါသည်။
  • ဂျပန်စကား သင်ယူနိုင်ပါသည်။
  • ကုမ္ပဏီဘက်မှ အမျိုးမျိုးသော အထောက်အပံ့များ (Support) ကို ရရှိနိုင်ပါသည်။

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) နေထိုင်ခွင့်ဗီဇာ

  • နေထိုင်နိုင်သည့်ကာလမှာ ကန့်သတ်ချက် မရှိပါ
  • မိသားစုကို ခေါ်ဆောင်လာနိုင်ပါသည်။

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)အဖြစ် အလုပ်လုပ်နိုင်သော နယ်ပယ်

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁) ဖြင့်အလုပ်လုပ်နိုင်သည့်နယ်ပယ်များမှာ အောက်ပါနယ်ပယ် ၁၆ ခုဖြစ်ပါသည်။
အပြာရောင်စာလုံးဖြင့်ဖော်ပြထားသောအကြောင်းအရာများမှာ သက်ဆိုင်ရာနယ်ပယ်၏တာဝန်ရှိရုံးဌာနမှ သတ်မှတ်သည့်ထုတ်ပြန်ကြေငြာချက်များအားအတည်ပြုပြီးနောက်၊ လက်ခံခြင်းအားစတင်လုပ်ဆောင်ရန်စီစဥ်ထားပါသည်။

  • သူနာပြုစောင့်ရှောက်မှုလုပ်ငန်း

    ခန္ဓာကိုယ် မသန်မစွမ်းဖြစ်နေသူများကို အထောက်အပံ့ပေးရသည့်အလုပ်

  • အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း

    အဆောက်အဦးအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ရသည့်အလုပ်

  • ဆောက်လုပ်ရေးလုပ်ငန်း

    အိမ်၊ အဆောက်အဦးစသည့် အဆောက်အအုံများ တည်ဆောက်သည့်အလုပ်

  • စက်မှုထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

    စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်

  • သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း

    သင်္ဘောများကို တည်ဆောက်သည့် အလုပ်

  • ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း

    မော်တော်ကားကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့်အလုပ်

  • လေကြောင်းလုပ်ငန်း

    လေယာဉ်တွင် ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊ လေယာဉ်ကို စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းသည့် အလုပ်

  • ဟိုတယ်လုပ်ငန်း

    ဟိုတယ်တွင် ဧည့်ကြိုခြင်းနှင့် ဝန်ဆောင်မှုပေးသည့် အလုပ်

  • မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်း

    ထရပ်ကားနှင့်တက္ကစီတို့အားမောင်းနှင်၍ အထုတ်အပိုးနှင့်လူများအားသယ်ဆောင်ရသည့်အလုပ်

  • မီးရထားလုပ်ငန်း

    မီးရထားအားပြုပြင်ထိန်းသိမ်းခြင်း၊ ရထားလမ်းပေါ်တွင်မောင်းနှင်ပြေးဆွဲခြင်းအားပြုလုပ်သည့်အလုပ်

  • စိုက်ပျိုးရေးလုပ်ငန်း

    ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရိတ်သိမ်းသည့် အလုပ်
    ဝက်၊ နွား နှင့် ကြက်စသည့်တိရိစ္ဆာန်များ မွေးမြူသည့်အလုပ်

  • ရေလုပ်ငန်း

    ငါးဖမ်းခြင်း၊ ငါးမွေးခြင်း အလုပ်

  • စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

    အစားအသောက်များကို ပြုလုပ်သည့် အလုပ်

  • အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း

    စားသောက်ဆိုင်များတွင် ဧည့်ကြိုခြင်းနှင့် ဟင်းပွဲများကို သယ်ပေးရသည့် အလုပ်

  • သစ်တောလုပ်ငန်း

    သစ်ပင်စိုက်ခြင်း၊ သစ်တောထိန်းသိမ်းခြင်းများပြုလုပ်သည့်အလုပ်

  • သစ်တောထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

    သစ်အချောထည်ပြုလုပ်သည့်အလုပ်

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂)အဖြစ် အလုပ်လုပ်နိုင်သော နယ်ပယ်

အထူးကျွမ်းကျင်လုပ်သားနံပါတ်(၂) ဖြင့်အလုပ်လုပ်နိုင်သည့်နယ်ပယ်များမှာ အောက်ပါနယ်ပယ် ၁၁ ခုဖြစ်ပါသည်။

  • အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း

    အဆောက်အဦးအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ရသည့်အလုပ်၏ ခေါင်းဆောင်

  • ဆောက်လုပ်ရေးလုပ်ငန်း

    အိမ်၊ အဆောက်အဦးစသည့် အဆောက်အအုံများ တည်ဆောက်သည့်အလုပ်၏ ခေါင်းဆောင်

  • စက်မှုထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

    စက်ပစ္စည်းအစိတ်အပိုင်း စသည့်ပစ္စည်းများကို ပြုလုပ်သည့် အလုပ်၏ ခေါင်းဆောင်

  • သင်္ဘောဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း

    သင်္ဘောများကို တည်ဆောက်သည့် အလုပ်၏ ခေါင်းဆောင်

  • ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း

    မော်တော်ကားကို စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့်အလုပ်၏ ခေါင်းဆောင်

  • လေကြောင်းလုပ်ငန်း

    လေယာဉ်တွင် ကုန်ပစ္စည်းများတင်ဆောင်ခြင်း၊ လေယာဉ်ကို စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းသည့် အလုပ်၏ ခေါင်းဆောင်

  • ဟိုတယ်လုပ်ငန်း

    ဟိုတယ်တွင် ဧည့်ကြိုခြင်းနှင့် ဝန်ဆောင်မှုပေးသည့် အလုပ်၏ ခေါင်းဆောင်

  • စိုက်ပျိုးရေးလုပ်ငန်း

    ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရိတ်သိမ်းသည့် အလုပ်
    ဝက်၊ နွား နှင့် ကြက်စသည့်တိရိစ္ဆာန်များ မွေးမြူသည့်အလုပ်၏ ခေါင်းဆော

  • ရေလုပ်ငန်း

    ငါးဖမ်းခြင်း၊ ငါးမွေးခြင်း အလုပ်၏ ခေါင်းဆောင်

  • စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း

    အစားအသောက်များကို ပြုလုပ်သည့် အလုပ်၏ ခေါင်းဆောင်

  • အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း

    စားသောက်ဆိုင်များတွင် ဧည့်ကြိုခြင်းနှင့် ဟင်းပွဲများကို သယ်ပေးရသည့် အလုပ်၏ ခေါင်းဆောင်