- အဖွင့်စာမျက်နှာ
- အထူးကျွမ်းကျင်လုပ်သားစနစ်အကြောင်း
- လိုအပ်သော စာရွက်စာတမ်းများအကြောင်း
လိုအပ်သော စာရွက်စာတမ်းများအကြောင်း
သင့်အနေဖြင့် “အထူးကျွမ်းကျင်လုပ်သား” ခွင့်ပြုချက်ကို ရယူရန်အတွက် အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည်။
- လျှောက်လွှာ (သင်နှင့်ကုမ္ပဏီမှ ရေးရပါမည်။)
- ကျန်းမာရေးလက်မှတ် (ဆေးရုံတွင် ယူရပါမည်။)
- ပင်စင်ငွေ၊ ကျန်းမာရေးအာမခံငွေနှင့် အခွန်ငွေ စာရွက်စာတမ်းများ (မြို့နယ်အုပ်ချုပ်ရေးရုံးနှင့် ကုမ္ပဏီတွင် ယူရပါမည်။)
- အခွန်ကြေညာချက်လက်မှတ်၊ အခွန်ပေးချေပြီးကြောင်းလက်မှတ်၊
- အခွန်ဖြတ်ပိုင်း
- အမျိုးသားကျန်းမာရေးအာမခံထားသူလက်မှတ်မိတ္တူ၊
- အမျိုးသားကျန်းမာရေးအာမခံပေးချေပြီးကြောင်းလက်မှတ်
- စာမေးပွဲအောင်မြင်ကြောင်း သက်သေခံစာရွက်စာတမ်း
- နှစ်နိုင်ငံအကြားအပြန်အလှန်သဘောတူညီမှုအရ စည်းကမ်းသတ်မှတ်ထားသော လိုက်နာရမည့်လုပ်ငန်းစဥ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ (၂၀၂၂ ခုနှစ် မတ်လအချိန်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံသားများမှာ လိုအပ်ပါသည်။)
* ဤသည်များအပြင် ကုမ္ပဏီ၏ စာရွက်စာတမ်းများလည်း လိုအပ်သောကြောင့် ကုမ္ပဏီနှင့် လုပ်ထုံးလုပ်နည်းများဆွေးနွေးတိုင်ပင်ကာ ဆက်လက်ဆောင်ရွက်ပါ။
လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ ဒေါင်းလုတ်လုပ်ရန်
လျှောက်လွှာတင်ရန်အသုံးပြုသည့် စာရွက်စာတမ်းများ (ရေးပုံရေးနည်းနမူနာ၊ အချို့သောနိုင်ငံခြားဘာသာ စာရွက်စာတမ်း) အား လူဝင်မှုနှင့်နေထိုင်ခွင့်ကြီးကြပ်ရေးရုံးဝဘ်ဆိုက်မှ ဒေါင်းလုတ် လုပ်နိုင်ပါသည်။
ရေးနည်းဥပမာ
နိုင်ငံခြားဘာသာစကားဖြင့်လည်း လူဝင်မှုကြီးကြပ်ရေးရုံး၏ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
နိုင်ငံခြားသားနေထိုင်သူများအတွက်အထွေထွေသတင်းအချက်အလက်စင်တာ
Tel | ၀၅၇၀-၀၁၃၉၀၄ (IP, PHS, နိုင်ငံခြားဖုန်း: ၀၃-၅၇၉၆-၇၁၁၂) * ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုးရီးယား၊ စပိန်၊ ပေါ်တူဂီဘာသာများဖြင့် ဖြေကြားပေးပါသည်။ |
---|---|
အီးမေးလ် |